OONIတိုင်းတာမှု စုစည်းမှု ကိရိယာအစုံ (MAT)

ကမ္ဘာတစ်ဝှမ်းမှ အချိန်နှင့်တစ်ပြေးညီဖြစ်သော OONIအချက်အလက်များ၏ စုစည်းကြည့်ရှုမှုများအပေါ် အခြေခံ၍ ဇယားများကို ဖန်တီးပါ။

သေချာပါသလား။

ကြာချိန် အရမ်းကြာသည်။ ၎င်းသည် စာမျက်နှာကို နှေးကွေးစေနိုင်သည်။

တင်နေပါသည်...

အကူအညီ

MAT ဆိုသည်မှာ ဘာလဲ။

OONI ၏ Measurement Aggregation Toolkit (MAT) သည် ကမ္ဘာတစ်ဝှမ်းမှ ကောက်ယူထားသော အချိန်နှင့်တစ်ပြေးညီဖြစ်သည့် OONI အချက်အလက်၏ စုပေါင်းအမြင်များ ကို အခြေခံ၍ မိမိကိုယ်ပိုင်စိတ်ကြိုက်ဇယားများထုတ်လုပ်နိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။

OONI အချက်အလက်တွင် ကမ္ဘာတစ်ဝှမ်းရှိ OONI Probe အသုံးပြုသူများ ကောက်ယူထားသော ကွန်ရက်တိုင်းတာမှုများ ပါဝင်သည်။

ဤတိုင်းတာမှုများ၌ ကမ္ဘာတစ်ဝှမ်းရှိ blocking of websites and apps ကဲ့သို့ အင်တာနက်စိစစ်ဖြတ်တောက်မှု ပုံစံအမျိုးမျိုးနှင့်ပတ်သက်သည့် အချက်အလက်များပါဝင်သည်။

MAT သည် မည်သူ့အတွက် ဖြစ်သနည်း။

ကမ္ဘာတစ်ဝှမ်းရှိ အင်တာနက်စိစစ်ဖြတ်တောက်မှုကို စစ်ဆေးရန် စိတ်ဝင်စားသည့် သုတေသနပြုသူများ၊ သတင်းထောက်များနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအတွက် MAT ကို တည်ဆောက်ထားသည်။

MAT ကို ဘာကြောင့် သုံးသနည်း။

အင်တာနက်စိစစ်ဖြတ်တောက်မှုကို စစ်ဆေးရာ၌ အောက်ပါ အဓိကမေးခွန်းများကို ဖြေဆိုရန်အလို့ငှာ တိုင်းတာမှုအများအပြားကို တစ်ပြိုင်နက်ကြည့်ရှု ("စုပေါင်းထားသည့်") ရန် အရေးကြီးသည်။

  • နိုင်ငံတစ်ခုတွင် ဝန်ဆောင်မှုတစ်ခု (ဥပမာ Facebook) ကို စမ်းသပ်ခြင်းသည် စမ်းသပ်သည့်အကြိမ်တိုင်း၌ ပိတ်ဆို့ခြင်းလက္ခဏာများ အား ဖော်ပြပါသလား။ ဤမေးခွန်းသည် false positives ကို ဖယ်ရှားရန် ကူညီနိုင်သည်။
  • နိုင်ငံတစ်ခုစီတွင် မည်သည့်ဝဘ်ဆိုဒ်အမျိုးစားများကို ပိတ်ဆို့ထားသနည်း။
  • မည်သည့်နိုင်ငံများတွင် သီးသန့်ဝဘ်ဆိုဒ်တစ်ခု (ဥပမာ bbc.com) ကို ပိတ်ဆို့ထားသနည်း။
  • အက်ပ်အမျိုးမျိုး (ဥပမာ WhatsApp or Telegram) ကို ပိတ်ဆို့ခြင်းသည် နိုင်ငံအလိုက် မည်သို့ ပြောင်းလဲသနည်း။
  • ဝန်ဆောင်မှုတစ်ခုကို ပိတ်ဆို့ခြင်းသည် နိုင်ငံနှင့် ASNs အလိုက် မည်သို့ ပြောင်းလဲသနည်း။
  • ဝန်ဆောင်မှုတစ်ခုကို ပိတ်ဆို့ခြင်းသည် အချိန်နှင့်အမျှ မည်သို့ပြောင်းလဲသနည်း။

အထက်ဖော်ပြပါမေးခွန်းများကို ဖြေဆိုရန် ကြိုးစားသောအခါ (တိုင်းတာမှုများကို တစ်ခုပြီးတစ်ခု စစ်ဆေးမည့်အစား) သင့်တော်သည့်အချက်အလက်ဆန်းစစ်မှုကို ပုံမှန်အားဖြင့် ဆောင်ရွက်ကြသည်။

MAT သည် ကျွန်ုပ်တို့၏ အချက်အလက်ဆန်းစစ်မှုနည်းပညာများကို ပေါင်းစပ်ထည့်သွင်းထားသောကြောင့် မည်သည့်အချက်အလက်ဆန်းစစ်မှုမျှမပါဘဲ ခလုတ်တစ်ခုကို နှိပ်၍ ဤမေးခွန်းများကို သင့်အား ဖြေဆိုနိုင်စေမည် ဖြစ်သည်။

MAT ကို မည်သို့ အသုံးပြုမည်နည်း။

OONI အချက်အလက်၏ စုပေါင်းအမြင်များကို အခြေခံ၍ မိမိသိလိုသည့် parameters ကို စာမျက်နှာအစ၌ရှိသည့် filters မှတစ်ဆင့်ရွေးချယ်ကာ ဇယားရေးဆွဲနိုင်သည်။

MAT တွင် အောက်ပါ filters ပါဝင်သည်-

  • နိုင်ငံများ drop-down menu မှတစ်ဆင့် နိုင်ငံတစ်ခုကို ရွေးချယ်ပါ ("နိုင်ငံအားလုံး" ကို ရွေးချယ်လျှင် တကမ္ဘာလုံး လွှမ်းခြုံရောက်ရှိမှုကို ပြသမည်)
  • စမ်းသပ်မှုအမည် သင် ရယူလိုသော တိုင်းတာမှုများကို အခြေခံကာ OONI Probe test တစ်ခုကို ရွေးချယ်ပါ (ဥပမာ ဝဘ်ဆိုဒ်များစမ်းသပ်ခြင်းကို ကြည့်ရန် Web Connectivity ကို ရွေးပါ)
  • Domain: သင် တိုင်းတာမှုများရယူလိုသော ဝဘ်ဆိုဒ်အတွက် domain ကို ရိုက်ပါ (ဥပမာ twitter.com)
  • ဝဘ်ဆိုဒ်အမျိုးအစားများ သင် တိုင်းတာမှုများရယူလိုသော website category ကို ရွေးပါ (ဥပမာ သတင်းမီဒီယာဝဘ်ဆိုဒ်များအတွက် News Media)
  • ASN: သင် တိုင်းတာမှုများရယူလိုသော ကွန်ရက်၏ ASN ကို ရိုက်ပါ (ဥပမာ AS30722 for Vodafone Italia)
  • ရက်စွဲအပိုင်းအခြား From နှင့် Until filters ကို ထိန်းညှိ၍ တိုင်းတာမှုများ၏ ရက်စွဲအပိုင်းအခြားကို ရွေးချယ်ပါ
  • တိုင်များ သင့်ဇယား၏ အလျားလိုက်ဝင်ရိုးတွင် သင်ပြလိုသည့်တန်ဖိုးများကို ရွေးပါ
  • တန်းများ သင့်ဇယား၏ ဒေါင်လိုက်ဝင်ရိုးတွင် သင်ပြလိုသည့်တန်ဖိုးများကို ရွေးပါ

သင်ရှာလိုသည့်အရာကိုမူတည်၍ MAT filters ကို ထိန်းညှိကာ ဇယားကိုပြသပါ ကို နှိပ်ပါ

ဥပမာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအားလုံးတွင် BBC စမ်းသပ်ခြင်းကို စစ်ဆေးလိုလျှင်

  • Domain အောက်တွင် www.bbc.com ကို ရိုက်ပါ
  • တန်းများ အောက်တွင် နိုင်ငံများ ကို ရွေးချယ်ပါ
  • ဇယားကိုပြသပါ ကို နှိပ်ပါ

ဤနည်းအားဖြင့် www.bbc.com ကို ကမ္ဘာတစ်ဝှမ်း OONI Probe စမ်းသပ်ခြင်းအား အခြေခံ၍ ဇယားအမျာအးပြားကို ရေးဆွဲနိုင်မည်။

MAT ဇယားများကို အဓိပ္ပာယ်ပြန်ခြင်း

MAT ဇယားများ (နှင့် စပ်ဆက်ဇယားများ) တွင် အောက်ပါတန်ဖိုးများ ပါဝင်သည်-

  • OK count: အောင်မြင်ခဲ့သောတိုင်းတာမှုများ (အင်တာနက်စိစစ်ဖြတ်တောက်မှု မရှိ)
  • Confirmed count: အလိုအလျောက် အတည်ပြုပိတ်ဆို့ထားသော ဝဘ်ဆိုဒ်များ မှ တိုင်းတာမှုများ (ဥပမာ ပိတ်ဆို့ထားသော စာမျက်နှာတစ်ခု block page သို့ ရောက်ရှိနိုင်သည်)
  • Anomaly count: Measurements that provided ဖြစ်နိုင်ခြေရှိသော ပိတ်ဆို့ခြင်းလက္ခဏာများ ပြသသည့် တိုင်းတာမှုများ (သို့သော် အမှားအယွင်း false positives ဖြစ်ပေါ်နိုင်သည်)
  • Failure count: ဖယ်ရှားသင့်သည့် မအောင်မြင်သော စမ်းသပ်မှုများ
  • Measurement count: OONI တိုင်းတာမှုများ၏စုစုပေါင်းအရေအတွက် (ရွေးချယ်ထားသော နိုင်ငံ၊ ရင်းမြစ်၊ စသည်တို့နှင့် သက်ဆိုင်သည်)

ဝန်ဆောင်မှုတစ်ခု (ဥပမာ twitter.com) ၏ ပိတ်ဆို့ခြင်းကို ဖော်ထုတ်ရန်ကြိုးစားသောအခါ အောက်ပါအချက်များ ရှိ/မရှိ စစ်ဆေးခြင်းသည် အသုံးဝင်သည်-

  • ဝဘ်ဆိုဒ်များပိတ်ဆို့ခြင်းကို အလိုအလျောက်အတည်ပြုပေးထားသော confirmed ဟု တိုင်းတာမှုများအား သတ်မှတ်ထားသည်
  • တိုင်းတာမှုအမြောက်အမြား A large volume of measurements (ခြုံငုံတိုင်းတာမှုအရေအတွက်နှင့် နှိုင်းယှဉ်ပါက) သည် anomalies (ဖြစ်နိုင်ခြေရှိသော စိစစ်ဖြတ်တောက်မှု လက္ခဏာများကို ဆိုလိုသည်) အား ဖော်ပြသည်

ဇယားမှ ဘားများကို နှိပ်၍ဖြစ်စေ၊ သက်ဆိုင်ရာ တိုင်းတာမှုလင့်ခ်များကို နှိပ်၍ဖြစ်စေ အချက်အလက်များကို သင် ရရှိနိုင်သည်။

ဝဘ်ဆိုဒ်အမျိုးအစားများ

OONI Probe အသုံးပြုသူများသည် အောက်ပါ အမျိုးအစားများ 30 standardized categories တွင် ပါဝင်သည့် များစွာသောဝဘ်ဆိုဒ်များ websites အား စမ်းသပ်ကြသည်။

မူးယစ်ဆေးဝါးနှင့် အရက်
ဒေသန္တရဥပဒေနှင့်မသက်ဆိုင်ဘဲ မူးယစ်ဆေးဝါးနှင့် အရက်သေစာရောင်းချမှု၊ အသုံးပြုမှု၊ အသုံးအဆောင်ပစ္စည်းများနှင့် ရောင်းချခြင်းအတွက် မြှုပ်နှံထားသော ဆိုက်များ။
အမည်နာမ မဖော်ပြခြင်းနှင့် ဆင်ဆာဖြတ်ကျော်ခြင်း နည်းလမ်းများ
အမည်နာမမဖော်ပြခြင်းး၊ ဆင်ဆာဖြတ်ကျော်ခြင်း၊ ပရောက်စီဝန်ဆောင်မှုများနှင့် ကုဒ်အဖြစ် ပြောင်းလဲခြင်းအတွက် အသုံးပြုသည့် ကိရိယာများကို ပံ့ပိုးပေးသည့် ဝဘ်ဆိုက်များ။
ဆက်သွယ်ရေးနည်းလမ်းများ
တစ်ဦးချင်းနှင့် အဖွဲ့လိုက် ဆက်သွယ်မှုများအတွက် ဆိုက်များနှင့် ကိရိယာများ။ ဝဘ်မေးလ်၊ VoIP၊ instant messaging၊ ချတ်နှင့် မိုဘိုင်းစာတိုပေးပို့ခြင်း အပလီကေးရှင်းများ ပါဝင်သည်။
ထိန်းချုပ်မှုအကြောင်းအရာ
ထိန်းချုပ်ရန် အသုံးပြုသည့် နူးညံ့သိမ်မွေ့သော သို့မဟုတ် အပြစ်ကင်းသော အကြောင်းအရာ။
ယဉ်ကျေးမှု
ဖျော်ဖြေမှု၊ သမိုင်း၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သရော်စာနှင့် ဟာသများနှင့်ဆိုင်သော အကြောင်းအရာ။
အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး
စီးပွားဖြစ် ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များ၏ ဝဘ်ဆိုဒ်များ။
ဘောဂဗေဒ
အထွေထွေစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှုဆိုင်ရာ ဆက်စပ်အကြောင်းအရာများ၊ အေဂျင်စီများနှင့် ရန်ပုံငွေ အခွင့်အလမ်းများ။
ပိတ်ဝန်းကျင်
ညစ်ညမ်းမှု၊ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာချုပ်များ၊ သစ်တောပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင် တရားမျှတမှုနှင့် စသည်တို့
ဖိုင် ဝေမျှခြင်း
cloud-based ဖိုင်သိုလှောင်မှု၊ torrentsနှင့် P2P ဖိုင်မျှဝေခြင်းကိရိယာများအပါအဝင် ဖိုင်များကိုမျှဝေရန်အတွက် အသုံးပြုသည့်ဆိုက်များနှင့် ကိရိယာများ။
လောင်းကစား
အွန်လိုင်းလောင်းကစားဆိုဒ်များ။ ကာစီနိုဂိမ်းများ၊ အားကစားလောင်းကစားများ စသည်တို့ ပါဝင်ပါသည်။
ဂိမ်းကစားခြင်း
အွန်လိုင်း ကစားနည်းများနှင့် ကစားနည်းပလက်ဖောင်းများ (လောင်းကစားဆိုဒ်များမပါ)
အစိုးရ
စစ်တပ်အပါအဝင် အစိုးရပိုင် ဝဘ်ဆိုဒ်များ
Hacking Tools
သတင်းနှင့် ကိရိယာများ အပါအဝင် ကွန်ပျူတာ လုံခြုံရေးအတွက် ရည်ရွယ်ထားသော ဆိုက်များ။ သံသယဖြစ်စရာကောင်းသောအကြောင်းအရာမျာနှင့် သံသယဖြစ်စရာမရှိသော အကြောင်းအရာများလဲ ပါဝင်သည်။
အမုန်းစကား
လူမျိုး၊ လိင်၊ လိင်စိတ် သို့မဟုတ် အခြားဝိသေသလက္ခဏာများပေါ်အခြေခံ၍ သီးခြားအုပ်စုများ သို့မဟုတ် ပုဂ္ဂိုလ်များကို နှိမ့်ချသော အကြောင်းအရာ။
Hosting and Blogging Platforms
Web hosting ဝန်ဆောင်မှုများ၊ bloggingနှင့် အခြားအွန်လိုင်းဖြန့်ချိရေးပလက်ဖောင်းများ။
လူ့အခွင့်အရေးကိစ္စများ
လူ့အခွင့်အရေးကိစ္စများကို ပုံစံအမျိုးမျိုးဖြင့် ဆွေးနွေးရန် သီးသန့်ဆိုက်များ။ အမျိုးသမီးအခွင့်အရေးနှင့် လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေးများ ပါဝင်သည်။
အစိုးရအဖွဲ့အစည်းများ
ကုလသမဂ္ဂ အပါအဝင် အစိုးရအဖွဲ့အစည်းများ၏ ဝဘ်ဆိုဒ်များ။
LGBTQ+
လိင်တူချင်းကိုစိတ်ဝင်စားသော အမျိုးသား-လိင်တူချင်းကိုစိတ်ဝင်စားသော အမျိုးသမီး-လိင်တူလိင်ကွဲ နှစ်မျိုးလုံးကို စိတ်ဝင်စားသောသူ-လိင်ပြောင်းထားသူများ၏ အကြောင်းအရာများ။ (ညစ်ညမ်းရုပ်ပုံစာပေမှလွဲ၍)
မီဒီယာ ဝေမျှခြင်း
ဗီဒီယို၊ အသံ သို့မဟုတ် ဓာတ်ပုံမျှဝေသည့် ပလက်ဖောင်းများ။
အထွေထွေ အကြောင်းအရာ
မည်သည့်အမျိုးအစားနှင့်မျှ မကိုက်ညီသောဆိုဒ်များ။ (ဤနေရာတွင် XXX အရာများကို အမျိုးအစားခွဲသင့်သည်)
သတင်းမီဒီယာ
ဤအမျိုးအစားတွင် အဓိကသတင်းဆိုင်ရာများ (ဘီဘီစီ၊ စီအန်အန်၊ စသည်)အပြင် ဒေသဆိုင်ရာ သတင်းများနှင့် အမှီအခိုကင်းသော မီဒီယာများလည်း ပါဝင်သည်။
အွန်လိုင်းပေါ်တွင် ချိန်းတွေ့ခြင်း
လူများနှင့်တွေ့ဆုံရန်၊ ပရိုဖိုင်များတင်ရန်၊ စကားစမြည်လုပ်ခြင်းစသည်တို့အတွက် အသုံးပြုနိုင်သည့် အွန်လိုင်းချိန်းတွေ့ခြင်းဝန်ဆောင်မှုများ။
နိုင်ငံရေးဝေဖန်မှု
နိုင်ငံရေးအမြင်များကိုဝေဖန်ပေးသည့် အကြောင်းအရာ။ ဝေဖန်ရေးသားသူများနှင့် ဘလော့ဂါများအပြင် အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းများလည်း ပါဝင်သည်။ ဒီမိုကရေစီ လိုလားသော အကြောင်းအရာ၊ အဂတိလိုက်စားမှု ဆန့်ကျင်ရေး အကြောင်းအရာများနှင့် ခေါင်းဆောင်မှု အပြောင်းအလဲ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေ ပြုပြင်ပြောင်းလဲမှု စသည်ဖြင့် တောင်းဆိုသည့် အကြောင်းအရာများအပြင် ပါဝင်သည်။
ညစ်ညမ်းရုပ်ပုံ
Hard-core နှင့် soft-core ညစ်ညမ်းသောပြသမှုများ။
ဆွဲဆောင်မှုရှိသော ၀တ်စားဆင်ယင်မှု
ကာမရာဂကို နှိုးဆွစေသော ဝတ်စားဆင်ယင်မှုကို ပြသပြီး အဝတ်အစားကိုလုံလုံခြုံခြုံ ဝတ်ဆင်ထားမရှိသော အမျိုးသမီးများနှင့် လိင်ပိုင်းဆိုင်ရာ အသွင်ဆောင်သည့် ဝဘ်ဆိုဒ်များ။
ပြည်သူ့ကျန်းမာရေး
HIV၊ SARS၊ ကြက်ငှက်တုပ်ကွေး၊ ရောဂါထိန်းချုပ်ရေးစင်တာများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ စသည်တို့။
ဘာသာတရား
ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင် အထောက်အကူဖြစ်စေသောသဘောနှင့်၊ ဝေဖန်ထောက်ပြမှုနှစ်ခုလုံးအပြင် လူနည်းစုဘာသာရေးအုပ်စုများအကြောင်း ဆွေးနွေးရာတွင် မြှုပ်နှ့ထားသည့် ဆိုဒ်များ။
ရှာဖွေရေးအင်ဂျင်များ
ရှာဖွေရေးအင်ဂျင်များနှင့် ပေါ်တယ်လ်များ
လိင်ပိုင်းဆိုင်ရာ ပညာပေး
သန္ဓေတားခြင်း၊ ရှောင်ကြဉ်ခြင်း၊ STDs၊ ကျန်းမာသောလိင်စိတ်၊ ဆယ်ကျော်သက်ကိုယ်ဝန်၊ မုဒိမ်းမှုကာကွယ်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ လိင်ဆိုင်ရာအခွင့်အရေးများနှင့် လိင်ပိုင်းဆိုင်ရာကျန်းမာရေးဝန်ဆောင်မှုများ ပါဝင်သည်။
လူမှုကွန်ရက်
လူမှုကွန်ရက် ကိရိယာများနှင့် ပလက်ဖောင်းများ။
အကြမ်းဖက်ဝါဒနှင့် စစ်သွေးကြွများ
အကြမ်းဖက်ဝါဒ၊ အကြမ်းဖက် စစ်သွေးကြွ သို့မဟုတ် ခွဲထွက်ရေး လှုပ်ရှားမှုများကို အရောင်းမြှင့်တင်သည့်ဆိုဒ်များ။